Hi-Res Music Website Info

High Quality Sound

ဝက်ဘ်ဆိုက်ပေါ်မှာ တင်ထားတဲ့ သီချင်းတွေဟာ အရည်အသွေးမြင့် Hi-Res Audio ဖြစ်ပါတယ်။

Easy Searching

ကြိုက်နှစ်သက်တဲ့အချိန်မှာ search box ကနေ ရိုက်ထည့်လိုက်ရုံနဲ့ အလွယ်တကူ ရှာဖွေနိုင်မှာဖြစ်ပါတယ်။

Extensive Categories

Myanmar, International, Chinese, DSD ဆိုတဲ့ category တွေ အပြင် Tidal, Qobuz က Playlist တွေ။

Sleek Design

ကိုယ်ကြိုက်နှစ်သက်ရာကို ကလစ်တချက်နှိပ်ရုံနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

High-Resolution Audio ဝက်ဘ်ဆိုက်အကြောင်း

High-Resolution ဝက်ဘ်ဆိုက် ကို ပြုလုပ်ထားရခြင်းကတော့ Facebook ပေါ်မှာတင်ပေးထားတဲ့ သီချင်းတွေဟာ အချိန်တခုရောက်တဲ့အခါမှာ အောက်ဆုံးဘက်ကိုရောက်သွားတဲ့အတွက် အလွယ်တကူနဲ့ပြန်ရှာဖို မလွယ်တာဖြစ်တဲ့အတွက် ဝက်ဘ်ဆိုက် တခုပြုလုပ်ဖိုဆုံးဖြတ်လိုက်ပါတယ်။ ဝက်ဘ်ဆိုက်ပေါ်မှာ တင်ထားတဲ့ သီချင်းတွေဟာအမျိုးအစားတွေခွဲခြားပေးထားတာဖြစ်တဲ့အတွက် ကြိုက်နှစ်သက်တဲ့အချိန်မှာ search box ကနေ ရိုက်ထည့်လိုက်ရုံနဲ့ အလွယ်တကူရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာပါဝင်တဲ့ Category တွေအနေနဲ့ဆိုရင် Myanmar, International, Chinese, DSD ဆိုတဲ့ category တွေအပြင် Tidal, Qobuz ကနေစုစည်းထားတဲ့ Playlist တွေကို သက်ဆိုင်ရာကဏ္ဍအောက်မှာ ထည့်သွင်းပေးထားသလို မြန်မာသံစဥ်သီချင်းများနဲ့ တူရိယာတွေကြီးပဲ တီးမှုတ်တဲ့ album တွေကို လည်းသီးသန့်ခွဲပေးထားပါတယ်။ အသုံးပြုသူက ကိုယ်ကြိုက်နှစ်သက်ရာကို ကလစ်တချက်နှိပ်ရုံနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Membership

High-Resolution Audio ဝက်ဘ်ဆိုက် ကိုမန်ဘာဝင်ချင်တဲ့သူတွေအတွက် လစဥ်ကြေး တလ ၅၀၀၀ ကျပ် ပေးသွင်းပေးရမှာဖြစ်ပါတယ်

First Time Login

⚠️ ဝက်ဘ်ဆိုက်အသုံးပြုရန်အတွက် Gmail address တခုလိုအပ်ပါမယ် ပထမအကြိမ် Invite လုပ်တဲ့အခါမှာမေလ်းထဲကရောက်လာတဲ့ မေလ်းမှာ Accept Invitation ကိုနှိပ်ပြီး ကိုယ့်ရဲ့ gmail နဲ့ Login ဝင်ရပါမယ်။ ဒါက ပထမဆုံးအကြိမ်အသုံးပြုသူအတွက်ပါ။ ✅ နောက်ပိုင်းကတော့ https://hi-res-music.eu.org ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကနေ တိုက်ရိုက်ဝင်လိုရပါတယ်ကိုယ်ဝင်တဲ့ browser မှာ ပေးထားတဲ့ Gmail account login ဝင်ထားဖိုတော့လိုပါတယ်

Member Form မှာဖြည့်သွင်းပြီးတာနဲ့ မေလ်း ၂ စောင်လက်ခံရရှိပါမယ်။ ပထမမေလ်းကတော့ ငွေသွင်းတာအောင်မြင်ကြောင်း မေလ်းနဲ့ အဲဒီမေလ်းထဲမှာ Telegram Channel လိပ်စာကို ထည့်သွင်းထားပါတယ်။ ဒုတိယမေလ်းကတော့ ဝက်ဘ်ဆိုက်ကို ဝင်ရောက်ဖို့အတွက် Invitation mail ဖြစ်ပါတယ်။ နောက်ပိုင်း ဝက်ဘ်ဆိုက်အသစ်စတင်လည်ပတ်ရင်တော့ Invitation mail မလိုအပ်တော့ပါဘူး။

Telegram Channel

Website နဲ့ ချိတ်ဆက်ထားတဲ့ Telegram Channel link ကို Member Form ဖြည့်သွင်းပြီးတာနဲ့ ငွေရကြောင်း ပြေစာပို့တဲ့ မေလ်းထဲမှာတခါထဲထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

Telegram Channel ဟာ မန်ဘာများအတွက်သာ သီးသန့်ဖြစ်တာကြောင့် မန်ဘာမဝင်ဘဲ ဝင်ရောက်တာမျိုးကို လုံးဝ လက်ခံပေးမှာ မဟုတ်ပါဘူး။ Social Media App တွေဖြစ်တဲ့ Facebook, Telegram တွေကနေ လုံခြုံရေးအရလှမ်းပြောတာမျိုးမလုပ်ပဲ Live Chat ကနေသာ ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

How to play DSD File

ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ DSD File တွေကို နားဆင်ဖို့အတွက် mobile device မှာ 👉 Hiby ဆိုတဲ့app ကိုရှာပြီး ဒေါင်းလုပ် လုပ်ပြီး နားထောင်နိုင်ပါတယ်။ Android ရော iOS မှာပါ ရှိပါတယ်။ Computer ကနေ ဖွင့်မယ့်လူတွေအတွက်ကတော့ DAC ရှိရင်ပိုကောင်းပါတယ်။ မရှိရင် လည်း 👉 Foobar2000 ဆိုတဲ့ Open Source Software ကို သုံးနိုင်ပါတယ်။ အလွယ်တကူနဲ့ DSD File တွေနားဆင်နိုင်ပါလိမ့်မယ်။

Coming Soon New Website

Hi-Res ဝါသနာရှင်များအတွက် Membership စနစ်ပါဝင်တဲ့ ဝက်ဘ်ဆိုက် အသစ်မကြာခင်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Website လိပ်စာက https://chorus.eu.org ဖြစ်ပါတယ်။ ကြိုတင်မန်ဘာဝင်လိုသူများလည်း ဆက်သွယ်နိုင်ပါတယ်။ မန်ဘာမဝင်ချင်သေးသူများလည်းလေ့လာနိုင်ပါတယ်။

New Website Membership Levels

Hi-Res Music မန်ဘာဝင်လိုသူများ အတွက် Silver Member နဲ့ Gold Member ဆိုပြီး နှစ်မျိုးခွဲပေးထားပါတယ်။

Silver Member မှာ Myanmar, International ဆိုတဲ့ အဓိက ကဏ္ဍ နှစ်ခုပါဝင်မှာဖြစ်ပြီး၊ အဲဒီအဓိက ကဏ္ဍနှစ်ခုအောက်ကမှ ကဏ္ဍခွဲတွေကိုပါ အကန့်အသတ်မရှိ အသုံးပြုနိုင်မှာပါ။

Gold Member ဝင်များအတွက်တော့ ဝက်ဘ်ဆိုက်တခုလုံးမှာရှိတဲ့ ကဏ္ဍ တွေအကုန်လုံးကို အကန့်အသတ်မဲ့အသုံးပြုနိုင်မှာဖြစ်သလို ဝက်ဘ်ဆိုက်နဲ့ချိတ်ဆက်ထားတဲ့ Telegram Channel ကိုပါ အသုံးပြုနိုင်ပါတယ်။

Monthly Fee:

Downloader Group ဆိုတာဘာလဲ

Downloader Group ဆိုတာ Tidal မှာရှိတဲ့သီချင်းတွေကို မိမိစိတ်ကြိုက်ရှာဖွေပြီး download လုပ်နိုင်တဲ့ Group ပါ။ Tidal ကနေ ဒေါင်းမယ်ဆိုရင် တင်ထားတဲ့သီချင်းအရည်အသွေးပေါ်မူတည်ပြီး မူရင်းအတိုင်းအမြင့်ဆုံး 24 bit - 192 Hz အရည်အသွေးထိ ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။ Downloader Group မှာ တပုဒ်ချင်း နားထောင်ကြည့်ချင်သူတွေအတွက် တပုဒ်ချင်း ဒေါင်းနိုင်သလို album တခုလုံးကိုလည်း Zip နဲ့ down နိုင်အောင်စီစဉ်ပေးထားတဲ့ Group ဖြစ်လို့ သီချင်းဝါသနာရှင် သီချင်းတွေ စုစည်းရတာကို ကိုယ်တိုင်စိတ်ကြိုက်ရှာဖွေပြီးစုဆောင်းရတာ ကြိုက်တဲ့ဝါသနာရှင်တွေအတွက်တော့ စိတ်တိုင်းကျစေမယ့် group တခုပါ။ Member ကြေးက လစဥ် ၁၈၀၀၀ ကျပ်ပါ

Spotify က Download လုပ်ချင်သူတွေအတွက်

Spoitfy ကနေပဲ download လုပ်ချင်တဲ့လူတွေအတွက်ကတော့ Spotify Download Bot ကို ငွေပေးချေတဲ့ဖြတ်ပိုင်းပို့ပြီးတိုက်ရိုက်အသုံးပြုနိုင်ပါတယ်။ Quality format ကတော့ m4a 256kbps နဲ့ရရှိမှာဖြစ်ပါတယ်။ အသုံးပြုပုံကတော့ /subscribe နှိပ်ပြီး ငွေပေးချေတဲ့ဖြတ်ပိုင်းကိုပို့ပေးရပါမယ်။ Admin ဘက်က approve ပေးလိုက်တာနဲ့ အသုံးပြုသူဘက်ကို reply message ပြန်ရမှာဖြစ်ပြီး spotify ကဖိုင်တွေကို စိတ်ကြိုက် ဒေါင်းလုပ်လုပ်ယူနိုင်ပါပြီ Trial အသုံးပြုလိုသူတွေအနေနဲ့ /trial လို့ Bot ကနေရိုက်ပို့ပြီး trial ကို စမ်းသပ်သုံးစွဲခွင့်ရယူနိုင်ပါတယ်။

Check Membership Status with Telegram Bot

ဝက်ဘ်ဆိုက် သို့မဟုတ် Tidal Downloader Group သုံးစွဲသူ အသင်းဝင်များအနေနဲ့ ကိုယ့်ရဲ့ မန်ဘာသက်တမ်းဘယ်တော့ကုန်မလဲဆိုတာကို Telegram Bot အသုံပြုပြီး ကိုယ့်ဘာသာစစ်ဆေးနိုင်ပါတယ်။ စစ်ဆေးရန် နည်းလမ်း /check [email] သို့မဟုတ် /check [Telegram User Name]ကိုယ်အသင်းဝင်ထားတဲ့ email သို့မဟုတ် ဖောင်မှာဖြည့်ထားတဲ့ Telegram User Name ကိုအသုံးပြုပြီးစစ်နိုင်ပါတယ်။

Membership Status Bot

ဆက်သွယ်ရန်

ဝက်ဘ်ဆိုက်မန်ဘာဝင်လိုသူများနှင့် Download Group Member ဝင်လိုသူများ ဆက်သွယ်ရန် Live Chat နှင့် Facebook Messenger တို့ကို ဆက်သွယ်နိုင်ပါသည်။
ဘေးမှာရှိတဲ့ Live Chat မှလည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မှတ်ချက်။ သင့်လုံခြုံရေးအတွက် Live Chat ကိုသာအသုံးပြုသင့်ပါကြောင်းအသိပေးအပ်ပါသည်

Membership Forms

ကျေးဇူးပြု၍ သက်ဆိုင်ရာပုံစံကို ဖြည့်သွင်းပေးပါ

New Member Application

မန်ဘာအသစ်ဝင်လိုသူများအတွက် လျှောက်လွှာပုံစံ

Monthly Payment Submission

လစဉ်ကြေးပေးသွင်းရန်အတွက် ငွေလွဲဖြတ်ပိုင်းကိုဒီကပို့ပါ

ငွေပေးချေမှုနည်းလမ်းများ

အောက်ပါ QR code များကို Scan လုပ်ပြီးလစဉ်ကြေးနဲ့ မန်ဘာကြေးများပေးသွင်းနိုင်ပါသည်

KBZPay QR

KBZPay

WavePay QR

WavePay